ကျိန်းရိပ်မြေမှ လှိုက်လှဲစွာ ကြိုဆိုပါ၏။
Showing posts with label (ဤဆောင်းပါးကို ကိုနောင်ငြိမ်း ပေးပို့ ပါသည်). Show all posts
Showing posts with label (ဤဆောင်းပါးကို ကိုနောင်ငြိမ်း ပေးပို့ ပါသည်). Show all posts

Saturday, October 9, 2010

မိနွေသိပါစေ

(ဤဆောင်းပါသည် ကျွန်ုပ်သူငယ်ချင်း နောင်ငြိမ်း၏ မူပိုင်ခံစားချက်သာဖြစ်သည်  
ဆောင်းပါးကိုဖတ်ပြီး ဝေးနေကြတဲ့ ကိုနောင်ငြိမ်းနှင့်မိနွေကို သနားမိပါသည်။)
ကျွန်တော်နောင်ငြိမ်းရဲ့ ဘ၀မှာ ဘယ်မိန်းကလေးကိုမှ နှစ်တွေအကြာကြီး မခင်မင်ခဲ့ဖူးသလို
ဘယ်မိန်းကလေးကိုမှလည်း သံယောဇဉ်တွေ စွဲစွဲလမ်းလမ်း မထားမိအောင် ကြိုးစားနေလာခဲ့ပါတယ်၊
ဒါပေမယ့် မှတ်မှတ်ရရ ပတ္တမြားမြေက မိနွေကိုတော့ ဘယ်တော့မှ မေ့ပျောက်လို့ ရတော့မှာ
မဟုတ်ဘူးဆိုတာ ရိုးသားစွာ ၀န်ခံရပါတော့မယ်။ကျွန်တော် မန်းမြို့ မှာနေစဉ် သူငယ်ချင်း
တစ်ယောက်နဲ့ သင်္ကြန်ကျောင်းပိတ်ရက်မှာ ပတ္တမြားမြေကို လိုက်ပါသွားရင်း မိနွေနဲ့  ဆုံဖြစ်
ခဲ့တာပါ၊ ဒီလိုနဲ့ အနေရိုးပြီး စာတော်တဲ့ မိနွေဟာ မန်းမြို့ ကိုရောက်တိုင်း ကျွန်တော့်ဆီကို
မပျက်တမ်းရောက်လာတတ်ပါတယ်၊ ကျွန်တော်လည်း မိနွေ မရောက်တဲ့ ရက်တွေမှာ
အထီးကျန်နေသလို ခံစားနေခဲ့ရတယ်၊ နောက်ပိုင်းမှာတော့ ကျွန်တော်နဲ့ မိနွေဟာ အဖြူရောင်
သံယောဇဉ်တွေနဲ့ အင်မတန် ခင်သွားကြပါတယ်၊ တစ်ယောက်ကိုတစ်ယောက် နားလည်မှု့ တွေ
အပြည့်နဲ့ ပွင်းပွင့်လင်းလင်း ဖော်ဖော်ရွှေရွှေ ဆက်ဆံလာခဲ့ကြတဲ့ အတွက်လည်း သံယောဇဉ်တွေ
ခိုင်မြဲလာခဲ့ပါတယ်၊မန်းမြို့ မှာ အတူသွားအတူစား နဲ့ သံယောဇဉ်တွေ ခိုင်မြဲလာခဲ့တဲ့ ကျွန်တော်တို့ 
နှစ်ယောက်ဟာ ငါးနှစ်လောက်ကြာတဲ့ အခါမှာတော့ပညာရေးကံကြမ္မာကြောင့် ကျွန်တော့်ဟာ
မိနွေနဲ့ ဝေးတဲ့နယ်ဝေး တစ်နေရာကို ထွက်ခွါလာခဲ့ရပါတယ်၊ တကယ်ဆို ကျွန်တော့်ဟာ
မိနွေနဲ့ ဝေးရမယ့် ခရီးဆို နတ်ပြည်ကိုတောင် သွားဖို့ စိတ်ကူးမရှိခဲ့ပါဘူး၊ မိနွေကို ဖွင့်ပြောဖို့ 
အားငယ်နေခဲ့တဲ့ ကျွန်တော်ဟာ ဝေဒနာတွေ တပွေ့ တပိုက်နဲ့  မိနွေကို ကျောခိုင်းခဲ့ရတယ်၊။
ဒါပေမယ့် ကျွန်တော်ဟာ အဝေးကနေပြီး မိနွေကို အမြဲမပြတ် အဆက်အသွယ်လုပ်နေဆဲပါ၊
အပြန်အလှန် စာတွေရေး ဖုန်းတွေဆက်ပြီး ဘ၀ရဲ့ သောကအမောတွေကို တ၀ကြီး ရင်ဖွင့်ခဲ့ကြ
ပါတယ်၊ မိနွေကို ခင်တယ်..လွမ်းတယ်..သတိရတယ်..ဆိုတဲ့စကားထက် ဘောင်ကျော်ပြီး
ပြောမထွက်တဲ့ ကျွန်တော့်နုတ်ခမ်းတွေကိုပဲ ကျွန်တော်အပြစ်တင်မဆုံးဖြစ်နေမိပါတယ်၊၊
အခွင့်မသာလို့  ပြန်လည်မဆုံရသေးပေမယ့် မိနွေအပေါ်မှာထားတဲ့ သံယောဇဉ်တွေက
တဖြည်းဖြည်းနဲ့ ပိုခိုင်မြဲလာနေပါတယ်၊ အနေနီးခဲ့တဲ့ ငါးနှစ်ကျော် သံယောဇဉ်တွေထက်
အနေဝေးနေရတဲ့ ငါးနှစ်ကျော်သံယောဇဉ်တွေက ပိုတယ်ဆိုရင်တောင် မမှားပါဘူး၊
ဘယ်မိန်းကလေးကိုမှလည်း သံယောဇဉ်တွေ စွဲစွဲလမ်းလမ်း မထားမိအောင် ကြိုးစား
နေလာခဲ့တဲ့ ကျွန်တော်ဟာ အခုတော့ ဆယ်နှစ်ကျော် သံယောဇဉ် ပုရစ်ဖူးတွေလေးတွေ
ကို မိနွေ အတွက် သိမ်းဆည်းပြီးသား ဖြစ်နေပါတယ်၊ ခွဲခွါနေရတဲ့ လွမ်းရက်တွေ များလာလေလေ
မိနွေ နဲ့  နီးစပ်ဖို့ ရက်တွေ နီးလာလေလေဆိုတာ ကျွန်တော်ယုံကြည်ပါရစေ မိနွေ၊
မန်းမြို့ ရဲ့ ဈေးချိုရယ် ၊နာရီစင်ကြီးရယ် ၊ ပြီးတော့ ပတ္တမြားမြေက မြူနှင်းဖွေးဖွေးလေးတွေရယ်၊
မိနွေရယ်ကို ကျွန်တော် အမြန်ဆုံချင်နေပြီ ဆိုတာ မိနွေ သိစေချင်ပါတယ်....။။။။
မိနွေ ရဲ့ ...
နောင်ငြိမ်း

??်??်??်...