ကျိန်းရိပ်မြေမှ လှိုက်လှဲစွာ ကြိုဆိုပါ၏။

Wednesday, October 6, 2010

ကမ္ဘာ့ ဆရာများနေ့

            အောက်တိုဘာ ၅ ရက် ကမ္ဘာ့ ဆရာများနေ့ (World Teacher’s Day) ကို ဆရာ ဆရာမများ၊ 
ပညာရေး ၀န်ထမ်းများ၊ ကျောင်းသူ ကျောင်းသား ကလေးငယ် သန်းပေါင်းများစွာဖြင့် တစ်ကမ္ဘာလုံးတွင် နှစ်စဉ် ခမ်းခမ်းနားနား ကျင်းပကြသည့် အစဉ်အလာရှိသည်။
        ၂၀၁၀ခုနှစ် အတွက် ကမ္ဘာ့ ဆရာများနေ့ ဆောင်ပုဒ်မှာ ‘ဆရာများနှင့် အစပြု ပြန်လည်ထူထောင်မှုပြု’ (Recovery begins with Teachers!) ဟု နိုင်ငံတကာ ပညာရေးအဖွဲ့ကြီး (EI) က သတ်မှတ်ထားခဲ့သည်။
ပြီးခဲ့တဲ့နှစ် ဖွံ့ဖြိုးပြီး စက်မှုနိုင်ငံများတွင် စီးပွားရေး မတည်ငြိမ်မှု အကျပ်အတည်းများ ပြန်လည်နာလံထူအောင် လုပ်ဖို့ ရှိနေသလို၊ ဟေတီ မြေငလျှင်နှင့် ပါကစ္စတန် ရေကြီးမှုကဲ့သို့ သဘာဝ ကပ်ဘေးများ ပြန်လည်တည်ဆောက်ရေး ထူထောင်ရေး လုပ်ငန်းများမှာ ကမ္ဘာသူ ကမ္ဘာသားများ အရေးဖြစ်သည်။ ထို လူမှုရေး စီးပွားရေး လုပ်ငန်းများ ပြန်လည် တည်ဆောက်ဖို့အတွက် ကျောင်းဆရာ ဆရာမများ အခန်းကဏ္ဍမှာ အထူးအရေးပါလျက် ရှိသည်။ ပြန်လည်ထူထောင်မှုများကို ဆရာများနှင့် အစပြုဖို့ ကြွေးကြော်ရင်း အကျပ်အတည်း ဒုက္ခရှိရာ နေရာဒေသများသို့ ဆရာ ဆရာမများမှ ဦးဆောင်ဝိုင်းဝန်း ကြရပါမည်။

 

No comments:

Post a Comment